အခိုင်းခံ၊ အခြယ်လှယ်ခံများတွင် Self-esteem ပျောက်ဆုံးလေ့ရှိကြောင်း ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ရေးသားခဲ့ဖူးသည်။ Self-esteem ဆိုတာဟာ လူသားတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထား လေးစားရိုသေမှုရှိသော စိတ်ဓာတ်လို့ ဆိုထားပါတယ်။ Self-este`em ပျောက်ဆုံးမှုဟာ အခိုင်းခံ၊ အခြယ် လှယ်ခံများချည်းမှာ ဖြစ်တတ်တာ မဟုတ်ပါဘူး၊ ခေါင်းဆောင်မှု ပြုလုပ်သူတွေမှာလည်း ရှိပါတယ်လို့ ဆရာ လူထုစိန်ဝင်းက ဆိုထားပါတယ်။ အခုဆိုရင် Self-esteem ပျောက်ဆုံးမှုဟာ လူမှုလုပ်ငန်းခွင်နယ်ပယ် ကနေ နိုင်ငံရေးအထိ ကူးစက်လာလေပြီလားလို့ မေးခွန်းထုတ်ချင်မိပါတယ်။

ဘာကြောင့်လဲဆိုရင် အများသဘောတူမှု မရှိဘဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ နှောင်ကြိုးတွေ ကြောင့်ပါ။ လက်ရှိ တိုင်းပြည်တိုးတက်ရေးအတွက် စီမံလုပ်ကိုင်နေရသည့် NLD အစိုးရကို အရပ်သား အစိုးရလို့ သတ်မှတ်ထားကြပါတယ်။ သို့သော် ၎င်းတို့ ကိုယ်တိုင်သည်ပင်လျှင် အုပ်ချုပ်ခံ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် အဓိက ပင်မဖြစ်တဲ့ အခြေခံဥပဒေကြောင့်ပါ။

NLD ဟာ အစိုးရဖြစ်လာပေမယ့် အားကောင်းမောင်းသန် လုပ်ဆောင်နိုင်တဲ့ မဏ္ဍိုင်ဟာ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ကိုယ်တိုင် တစ်ခုတည်းမှာပါ။ ဒါပေမဲ့လည်း ၂၀၀၈ အခြေခံဥပဒေပါ ကန့်သတ်ချက်တွေကြောင့် လုပ်သာကိုင်သာ ပတ်ဝန်းကျင် မဖြစ်မှုကလည်း ရှိနေပါတယ်။ ထို့နည်းတူ တခြားတခြားသော အဓိက မဏ္ဍိုင်ဖြစ်တဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ထင်သလောက် ခရီးပေါက်အောင် လုပ်ဆောင်နိုင်မှု မရှိပါဘူး။ ဒါကလည်း NLD ရဲ့ စွမ်းဆောင်နိုင်ရည် ညံ့ဖျင်းလို့ မဟုတ်။ NLD ကို ၂၀၀၈ အခြေခံဥပဒေ အောက် ဆွဲမသွင်းခင် (၀ါ) NLD ကိုယ်တိုင်က စိတ်ပါဝင်စားစွာ ဦးမလျှိုခင်ကလည်း ချမှတ်ထားတဲ့ စစ်အစိုးရရဲ့ စီမံချက်တွေကြောင့်ပါ။
NLD ကို ထောက်ခံမဲ ပေးပြီး အစိုးရ ဖြစ်စေခဲ့တဲ့ လူထူနဲ့ အထိတွေ့ရဆုံး အစိုးရဌာနတွေကို ကြည့်ပြန်ရင်လည်း အရပ်သားသမ္မတ သြဇာမညောင်းတဲ့ စစ်တပ်ပိုင် ပြည်ထဲရေးဌာနရဲ့ လက်အောက်မှာ ရှိနေပြန်...
အုပ်ချုပ်ရေးဘက်ကို ကြည့်မလား။ ၀န်ကြီးဌာနတိုင်းရဲ့ အရေးပါတဲ့ နေရာတိုင်းမှာ စစ်တပ်ထွက် မိုးကျရွှေ ကိုယ်တွေကို အရံသင့် ခန့်ထားပြီး ဖြစ်ပါတယ်။ ထို့နည်းတူ ခေါက်ရိုးကျိုး ပုံသေကားချပ်သမားတွေက တသီတတန်းကြီး ရှိပါသေးတယ်။ NLD ကို ထောက်ခံမဲ ပေးပြီး အစိုးရ ဖြစ်စေခဲ့တဲ့ လူထူနဲ့ အထိတွေ့ရဆုံး အစိုးရဌာနတွေကို ကြည့်ပြန်ရင်လည်း အရပ်သားသမ္မတ သြဇာမညောင်းတဲ့ စစ်တပ်ပိုင် ပြည်ထဲရေးဌာနရဲ့ လက်အောက်မှာ ရှိနေပြန်ပါတယ်။ အဲဒါတွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ ရဲတပ်ဖွဲ့ဝင်တို့ပါ။

တရားရေးဘက်ကို ကြည့်ပြန်ရင်လည်း ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ တရားစီရင်ရေးစနစ် ဖြစ်နေပြီး အရင့်အရင် စစ်အစိုးရလက်ထက် ရေးဆွဲခဲ့တာကြောင့် လူထုကိုးစားလို့ ရတဲ့ စနစ်ဖြစ်မနေဘဲ အာဏာရှင်သက်ဆိုးရှည်ရေးကိုသာ ကာကွယ်ပေးနေသလို ဖြစ်နေပါတယ်။ ခြစားမှုတွေနဲ့ ပုပ်ဟောင်နေပြီး အကျင့်ပျက်မှုတွေကြောင့် ယုံကြည်မှု ကင်းမဲ့ခံနေရတဲ့ အခြေအနေပါ။

နောက်ထပ် တစ်ခုကတော့ မဏ္ဍိုင်လေးရပ်မှာ မပါပေမယ့် မဏ္ဍိုင်တစ်ခုသဖွယ် တစ်ထီးတစ်နန်း ဖြစ်နေတဲ့ စစ်တပ်ပါပဲ။ အခြေခံဥပဒေအရ သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲလို့ ဘယ်လိုပင် ဆိုထားစေကာမူ စစ်တပ်သည် ခြေ/ဥပါ ပြဋ္ဌာန်းကာကွယ်ချက်တွေကြောင့် ကင်းလွတ်မြဲ လွတ် နေပါတယ်။ လုံခြုံရေးနဲ့ ကာကွယ်ရေး အကြောင်းပြပြီး ပြည်သူတစ်ရပ်လုံးကို စစ်မှုထမ်းခိုင်းနိုင်တဲ့ ပါဝါ အာဏာကို စစ်တပ်အတွက် ခြေ/ဥက ပေးထားပါသေးတယ်။

ဒါတွေ အားလုံးသည် ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာရတဲ့၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပါ။ ဒါဆိုရင် လက်ရှိ အစိုးရဟာ Self-esteem ပျောက်ဆုံးနေတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။ ဘာကြောင့် လဲဆိုရင် အစိုးရသည် အခြေခံဥပဒေက ပေးထားတဲ့လမ်းကြောင်းအတိုင်း လျှောက်နေရတာအတွက် ကြောင့်ပါ။
အာဏာရှင်စနစ်အောက်၊ စစ်အစိုးရခေတ်အောက်မှာ တောင် ဦးခေါင်းမလှည့်စတမ်း ရပ်တည်ချက်မှန်မှန်နဲ့ လူထုဘက်က ရပ်တည်ခဲ့သူပါ။ ဒီအဖြစ်အပျက်တွေ သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ခြေ/ဥ အောက် ခေါင်းတိုးဝင်ပြီးနောက်...
NLD သည် ရှစ်လေးလုံးကာလအလွန် ၁၉၉၀ ကတည်းက အတိုက်အခံအဖြစ် ရပ်တည်ပြီး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်၊ စစ်အစိုးရခေတ်အောက်မှာ တောင် ဦးခေါင်းမလှည့်စတမ်း ရပ်တည်ချက်မှန်မှန်နဲ့ လူထုဘက်က ရပ်တည်ခဲ့သူပါ။ ဒီအဖြစ်အပျက်တွေ သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ခြေ/ဥ အောက် ခေါင်းတိုးဝင်ပြီးနောက် ပျောက်ဆုံးကုန်ပါ တယ်။ ပျောက်ဆုံးကုန်တာဟာ လူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ ခြေ/ဥကြောင့်ပါ။

ဒီကန့်သတ် ပိတ်ဆို့ခံရမှုတွေက NLD ရဲ့ လာရာဖြစ်တဲ့ အတိုက်အခံကောင်းဘ၀ကနေ ဈာန်လျှောစေ လာပါတော့တယ်။ လူယုံထား သက်ကွင်း ပြင်ထားတဲ့ အခြေအနေတွေ၊ ခြေ/ဥအပါအ၀င် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း  ကန့်သတ်ချက်တွေက ဆူးကြားထဲက ပူဖောင်းလို ဖြစ်စေပါတယ်။ ဒါဟာ NLD လာရာ ဖြစ်တဲ့ လမ်းကြောင်းကို သွားဖို့အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။

Self-esteem ဟာ အခိုင်းခံ၊ အခြယ်လှယ်ခံမှာမှ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ဦးဆောင် ဦးရွတ်ပြုသူတွေ မှာလည်း ရှိတတ်ပါတယ်။ အဲဒါကတော့ ကိုယ်ရဲ့ လာရာနဲ့ လားရာ မတူညီတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။  ကိုယ်သွားချင်တာ စစ်မှန်တဲ့ ဒီမိုကရေစီခေတ်နဲ့ လူထုကို အကျိုးဖြစ်စေလိုမှု၊ လားရာက လူထုကို ကျပ်သ ထက် ကျပ်တည်းအောင်၊ ရေရာထားတဲ့ ဒီမိုကရေစီအနေအထားမျိုး ဖြစ်နေတဲ့အခါမျိုးမှာ ဦးဆောင်ဦးရွတ် ပြုသူတွေဟာ Self-esteem ပျောက်ဆုံးတတ်ပါတယ်။

သူများက ယုံကြည်ကိုးစားလာအောင် ရာထူးအာဏာနဲ့ လုပ်ယူလို့ ရပါတယ်။ ဒါပေမဲ့လည်း Self-esteem ဖြစ်အောင်တော့ ရာထူးအာဏာ ပါဝါတွေနဲ့ လုပ်လို့ မရပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် မလုံမလဲ ဖြစ်လာ တဲ့အခါမျိုးမှာ မိမိလာရာနဲ့ လားရာကို မနှစ်မြို့ ဖြစ်လာတတ်ပြီး အဲဒီအချိန်ကာလမှာ Self-esteem က ပျောက်ကွယ်တတ်ပါတယ်။ လူထုရဲ့ လိုလားချက်ကို သိနေချိန် အကန့်အသတ်တွေကြောင့် မလုပ်ပေးနိုင် တဲ့အခါမျိုးမှာ ငါ ရွေးချယ်တဲ့လမ်းဟာ မှန်ကော မှန်သေးရဲ့လား၊ ပြင်ဆင်လို့ ရပါ့မလားဆိုတဲ့ စိတ်တွေဟာ Self-esteem ကို ကျဆင်းစေတတ်ပါတယ်။ ဒါမျိုးကို လက်ရှိ NLD ပါတီခေါင်းဆောင်းပိုင်း၊ NLD အစိုးရထိပ် ပိုင်းခေါင်းဆောင်တွေမှာ မဖြစ်ဘူးလို့ အတတ်ပြောလို့ မရပါဘူး။ ခြေ/ဥ ကို ၀င်ပြင်မယ်ဆိုပြီး ရွေးကောက်ပွဲ ၀င်ခဲ့ပြီး တကယ်တမ်း ပြင်ဖို့ ခက်ခဲပါတယ်လို့ ပြောဆိုလာမှုတွေက NLD ဘက်မှာ ရှိနေပါပြီ။
ထိရခက်တဲ့ ခြေ/ဥ၊ အဘက်ဘက်က ပညာပြဖို့ စိုင်းပြင်းနေတဲ့ လူတစ်စု၊ တစ်ထီးတစ်နန်းနဲ့ သေနတ်ရမ်းပြ နေတဲ့ စစ်တပ်၊ လာသမျှ အိပ်ထဲထည့် လူထုအတွက် အားမကိုးရတဲ့ တရားရေး။ ဒါ့အပြင် အတိုက်အခံဘ၀ က လာခဲ့လို့ တိုက်မယ်၊ ခိုက်မယ်၊ တွန်းမယ်၊ ထိုးမယ်ဆိုရင် အားကောင်းပေမယ့် ကိုယ်ကိုယ်တိုင်က တည် ဆောက်သူဖြစ်တဲ့အခါမှာ အားကောင်းမောင်းသန် မဖြစ်တဲ့ NLD ရဲ့ လက်ရှိ အနေအထား...
ထိရခက်တဲ့ ခြေ/ဥ၊ အဘက်ဘက်က ပညာပြဖို့ စိုင်းပြင်းနေတဲ့ လူတစ်စု၊ တစ်ထီးတစ်နန်းနဲ့ သေနတ်ရမ်းပြ နေတဲ့ စစ်တပ်၊ လာသမျှ အိပ်ထဲထည့် လူထုအတွက် အားမကိုးရတဲ့ တရားရေး။ ဒါ့အပြင် အတိုက်အခံဘ၀ က လာခဲ့လို့ တိုက်မယ်၊ ခိုက်မယ်၊ တွန်းမယ်၊ ထိုးမယ်ဆိုရင် အားကောင်းပေမယ့် ကိုယ်ကိုယ်တိုင်က တည် ဆောက်သူဖြစ်တဲ့အခါမှာ အားကောင်းမောင်းသန် မဖြစ်တဲ့ NLD ရဲ့ လက်ရှိ အနေအထားတွေက လာရာနဲ့ လားရာက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ လာနေပါပြီ။ ထိလို့ ရသမျှကိုသာ ထိတွေ့လုပ်ကိုင်နေရတဲ့ NLD သည် ၁၉၈၈ အရေးအခင်းက ဖြစ်တည်လာတဲ့ NLD မဟုတ်တော့။ ခြေ/ဥ အလိုကျ ကပြအသုံးတော်ခံနေ။

တကယ်တော့ ဒီလို အခြေအနေတွေ အားလုံးဟာ စစ်အာဏာရှင် အလိုကျ စစ်တပ် အာဏာမြဲရေးကို အဓိကထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြောင့်ပါပဲ။ ရှေ့ကို တိုးလိုတဲ့ NLD အတွက် ကန့်လန့်ခံရုံတင်မက နောက်ကိုပါ ပြန်ဆွဲစေတဲ့ ဒီဥပဒေကြောင့်ပါ။ ပြင်ဆင်မယ်လို့ ဆိုပေမယ့် ပြင်ဆင်ဖို့တောင် ခက်ခဲလှတဲ့ ဒီခြေ/ဥ ကို ကာကွယ်နေရတာဟာ ကိုယ့်ကို နှိပ်စက်ကလူ ပြု နားရင်းရိုက်နေသူကို မာစတာ၊ မာစတာနဲ့ ခေါ်နေရတဲ့ ဘ၀ ဖြစ်နေပါတယ်။

ဒီအနေအထားက လွတ်မြောက်ပြီး Self-esteem ရှိရှိ ရပ်တည်နိုင်ဖို့ NLD အတွက် ထွက်ပေါက်က တစ်ခုတည်းပါ။ ဒါဟာ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးပါပဲ။ ဒီလို လုပ် ဆောင်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ဒါဟာ NLD အတွက် အရေးအပါဆုံး မှတ်တိုင်တစ်ခုလို့ ဆိုရမှာပါ။

အောင်ထွန်းလင်း


(၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီးဆောင်းပါး ဖြစ်ပါသည်။)
Share To:

Aung Maw

Post A Comment: