ရန်ကုန်၊ ဇွန် ၂၂

အသက် ၂၅ နှစ်အရွယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန FDA မှ အမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ကာ ပစ္စည်းများ ယူဆောင်သွားသည့် တရားခံဖြစ်သူ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ ဇွန်လ ၂၂ ရက်က သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းတွင် နေထိုင်သူ FDA မှ ဒုတိယကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်း (ခ) ရွှေရည်၏ စွန့်ပစ်ခံထားရသည့် ရုပ်အလောင်းကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေးတွင် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရာမှ ဆက်လက်စစ်ဆေး ဖော်ထုတ်မှုများအရ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူအား ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ယနေ့တွင် ယခုကဲ့သို့ သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားခံမှာ သေဆုံးသူ၏ လက်ကိုင်ဖုန်းအား ဖုန်းဆိုင်တစ်ခုတွင် သွားရောက်ပြင်ဆင်ရာမှတစ်ဆင့် ဖုန်းဆိုင် တာဝန်ရှိသူများက ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ခြင်းကြောင့် ခေါ်ယူစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ မုဒိန်းကျင့် လူသတ်မှု ကျူးလွန်ရခြင်းမှာ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနား မောင်းနှင်သည့် တက္ကစီအား မရွှေရည်ဝင်း (ခ) ရွှေရည်မှ ငှားစီးစဉ် ယာဉ်စီးခ ပိုတောင်းမှုဖြစ်ရာမှ အချင်းများပြီးနောက် ၀က်အူလှည့်ဖြင့် တိုက်ခိုက်ခဲ့ပြီး သတိမေ့မျောနေစဉ် သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ မရွှေရည်ဝင်း (ခ) ရွှေရည်မှာ ၀က်အူလှည့်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် သတိလစ်ရာမှ သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

အောက်ချင်းသစ္စာာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: