Government & Transparency

အစိုးရတစ်ရပ်တွင် ပွင့်လင်းမြင်သာမှု ရှိခြင်း၊ မရှိခြင်းမှာ တိုင်းပြည်အတွက် အရေးကြီးသော ကိစ္စရပ် ဖြစ်ပေ၏။ ပွင့်လင်းမြင်သာမှု မရှိသော အစိုးရအား တိုင်းသူပြည်သားတို့ လေးစားမည် မဟုတ်ပေ။ အစိုးရတစ်ရပ်အနေဖြင့် ဒီမိုကရေစီအား မည်မျှကျင့်သုံးသည်ကို ပွင့်လင်းမြင်သာမှုဖြင့် တိုင်းတာတတ်ကြလေ့ရှိကာ စစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ တစ်ပါတီ အစိုးရ တိုင်းပြည်များ၌ကား ပွင့်လင်းမြင်သာမှု အားနည်းတတ်၏။

သို့သော် ပွင့်လင်းမြင်သာမှု မရှိတိုင်းလည်း ဒီမိုကရေစီ အစိုးရမဟုတ်ဟု မသတ်မှတ်နိုင်ပေ။ နိုင်ငံတစ်ခုတွင် တိုင်းသူပြည်သားတို့ သိသင့်သော ကိစ္စရပ်ရှိသလို၊ မသိသင့်သော ကိစ္စရပ်များလည်း ရှိပေသည်။ သိသင့်သည်ကို ပေးသိ၍ မသိသင့်သည်ကို မပေးသိခြင်းမှာလည်း ဒီမိုကရေစီအစိုးရ၏ မှန်ကန်သော လုပ်ရပ်ဟုပင် သတ်မှတ်ရပေမည်။
Photo by cagle.com
အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: