State, Government & People


State ဟူသည့် နိုင်ငံတော်တွင် လူဦးရေ၊ တိကျသည့် နယ်မြေအပိုင်းအခြား၊ အစိုးရ၊ အချုပ်အခြာ အာဏာဟူ၍ အချက်လေးချက် ပါဝင်ပေသည်။

နိုင်ငံတစ်ခုဖြစ်ရန်အတွက် လုံလောက်သော လူဦးရေနှင့် တိကျသည့် နယ်မြေအကျယ်အ၀န်း ရှိရန် လိုအပ်ပြီး အစိုးရမှာ တတိယလိုအပ်ချက်ဟုပင် ဆိုရမည်။

နိုင်ငံသည် မော်တော်ကားနှင့် တူ၍ အစိုးရမှာ စက်နှင့် တူပေသည်။ နိုင်ငံ၏ တာဝန်ကို အစိုးရကသာ ဆောင်ရွက်နိုင်သည်။ အစိုးရ မရှိဘဲ မည်သည့်နိုင်ငံမှ မတည်မြဲနိုင်။ နိုင်ငံ၏ ၀ါဒ၊ ရည်မှန်းချက်များကို အစိုးရက ဆောင်ရွက်ပေးရ၏။ နိုင်ငံ၏ စည်းကမ် သေ၀ပ်မှု၊ အုပ်ချုပ်မှုနှင့် တရားစီရင်မှုတို့ကို အစိုးရက ဆောင်ရွက်ရပေသည်။

သို့သော် နိုင်ငံသည် အစဉ်တည်မြဲလျက် ရှိသော်လည်း အစိုးရမူကား မကြာခဏ ပြောင်းလဲနိုင်သည်။ အစိုးရတွင် ဒီမိုကရစီ အစိုးရ၊ အာဏာရှင် အစိုးရ၊ သမ္မတအစိုးရ၊ လွှတ်တော်အစိုးရ စသည်ဖြင့် အစိုးရ အမျိုးမျိုး ရှိပေသည်။ မည်သူမဆို အစိုးရအား ကန့်ကွက်နိုင်၏။ အပြစ်တင်နိုင်၏။ သို့သော် နိုင်ငံကိုကား ယင်းသို့ မပြုလုပ်နိုင်။ နိုင်ငံကို ကန့်ကွက်ခြင်း၊ အပြစ်တင်ခြင်းသည် မိမိကိုယ် မိမိ ကန့်ကွက် အပြစ်တင်ခြင်းပင် မည်သည်။ နိုင်ငံသားများသည် အစိုးရကို မကျေမနပ် ဖြစ်နိုင်သော် လည်း နိုင်ငံအပေါ်တွင် မကျေနပ်ဟူ၍ မရှိနိုင်။
Photo by funnyand.com

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - အီအေ၊ ဘီအီးဒီ)
Share To:

Aung Maw

Post A Comment: