လူသားတိုင်းသည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ အလုပ်လုပ်ကြရပေ၏။ သို့သော် အလုပ်ချည်း လုပ်နေခြင်းသည် မဖြစ်အပ်။ အနားယူရန် လိုအပ်ပေသည်။ အလုပ်အကိုင်အား ပင်ပန်းကြီးစွား လုပ်ကိုင်ပြီး နားနေခြင်းသည် လွန်စွာမှပင် အပန်းပြေ၏။ သို့သော် အလုပ်လုပ်ရမည့်အချိန်တွ် အကျိုးမဲ့ နားနေခြင်းအား မလုပ်အပ်။

အားလပ်ချိန်တွင် မိမိဝါသနာအရ အပန်းဖြေနည်း နှစ်ခုသာ ရှိပေသည်။ အပေါင်းအသင်းများနှင့် အပန်းဖြေခြင်းနှင့် တစ်ကိုယ်ရေ တစ်ကာယ အပန်းဖြေခြင်းတို့ ဖြစ်သည်။

အပေါင်းအသင်းများနှင့် အပန်းဖြေခြင်းတွင် ဘောလုံးကန်ခြင်း၊ တင်းနစ်ရိုက်ခြင်းကဲ့သို့သော စုပေါင်းရောနှောကာ လုပ်ဆောင်ရသည့် အပန်းဖြေခြင်းမျိုးကို ဆိုလိုပေသည်။ သို့တည်းမဟုတ် ၀ါသနာတူရာ အပေါင်းအသင်းများဖြင့် လူမှုရေးကိစ္စရပ်များ လုပ်ကိုင်ခြင်းမှာလည်း အပေါင်းအသင်းများနှင့် အပန်းဖြေခြင်း တစ်မျိုးပင် ဖြစ်သည်။

တစ်ကိုယ်ရေ တစ်ကာယ အပန်းဖြေခြင်းကား စာဖတ်ခြင်းပင် ဖြစ်သည်။ စာဖတ်ခြင်းထက် သာလွန်ကောင်းမွန်သည့် အပန်းဖြေနည်းကား မရှိ။

ကိုးကား - အခြေခံ လူ့တာဝန် (အေင်မြင်ကြီး - ရွှေလရောင်)
Share To:

Aung Maw

Post A Comment: