နေပြည်တော်၊ မေ ၁၄

အသက် ကိုးနှစ်အရွယ် တတိယတန်းကျောင်းသားတစ်ဦးအား အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓမ္မတာနှင့်ဆန့်ကျင်၍ အဓမ္မပြုကျင့်မှုတစ်ရပ် နေပြည်တော်၌ ဖြစ်ပွားခဲ့ပြီး အမှုတွင် ပါဝင်ပတ်သက်သူများကို စစ်ဆေးလျက်ရှိကြောင်း နေပြည်တော် အမှတ် (၇) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယင်း အသက်ကိုးနှစ်အရွယ် ကျောင်းသားမှာ တစ်တိုက်တန်းနေ အခြားအခန်းမှ ကလေးငယ်တစ်ဦးနှင့် သွားရောက်ဆော့ကစားစဉ် အဆိုပါကလေးငယ်၏ အဖိုးဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဦးသာညို (ဘ) ဦးသာဒိုးအောင်က မေလ ၁၀ ရက်တွင် ဓမ္မတာနှင့် ဆန့်ကျင်၍ ခြောက်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မေလ ၁၁ ရက် နံနက်ပိုင်းတွင်လည်း နောက်ထပ် လေးကြိမ် ပြုကျင့်ခံရကြောင်းကို ၎င်း၏ အဘွားဖြစ်သူအား တိုင်ကြားခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် မိခင်ဖြစ်သူ သိရှိသွားကာ ကလေးငယ်အား ထပ်မံမေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည့်အတွက် ဦးသာညိုအား နေပြည်တော် အမှတ် (၇) နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်ကြားမှုနှင့် ပတ်သက်၍ ဦးသာညိုအား (ပ) ၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် မေလ ၁၂ ရက်က အမှုဖွင့် အရေးယူခဲ့ပြီး ကျူးလွန်ခံရသူ ကလေးငယ်နှင့် ကျူးလွန်သူ ဦးသာညိုတို့အား ဆေးစာပေးပို့ စစ်ဆေးခြင်းများ၊ အခင်းဖြစ်ပွားရာ နေရာများကို စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျူးလွန်သူဟု သံသယဖြစ်ခံထား စစ်ဆေးနေသူ ဦးသာညိုအား အမှတ် (၁) မြို့မရဲစန်းတွင် ထိန်းသိမ်းထားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇ မှာ သဘာမကျသည့် လိင်ဆက်ဆံမှုပြုခြင်း၊ ယောက်ျားအချင်းချင်း ပြုကျင့်ခြင်း၊ တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ ပြုကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မဖြစ်ပြီး ကျူးလွန်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ် အပြစ်ပေးနိုင်သည့် ဥပဒေပုဒ်မ ဖြစ်သည်။

ပြည့်အောင်
Share To:

Aung Maw

Post A Comment: