IT နည်းပညာနဲ့ ပတ်သက်လို့ Google ဟာ မရှိမဖြစ်လို့ ဆိုရမှာဖြစ်သလို Google ကနေ အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ Google mail (Gmail) ဟာလည်း နက်တီဇင်တွေအတွက် အရေးပါလှပါတယ်။ Gmail Account တစ်ခု ပိုင်ဆိုင်ထားရင် တခြားသော Google Drive, Google Map စတဲ့ application တွေ ရယူသုံးစွဲတဲ့နေရာမှာ အရေးပါလှပါတယ်။

အလားတူ မိမိသုံးစွဲနေတဲ့ ဖုန်းတွေတိုင်းမှာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင် အီးမေးလ်အကောင့်ခ်တွေ တောင်းလေ့ ရှိကြပါတယ်။ ဒီလို တောင်းယူခြင်းဟာ မိမိဖုန်း လုံခြုံရေးအတွက် ဖြစ်တဲ့အပြင် သုံးစွဲတဲ့ဖုန်းအလိုက် အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ application တွေ ရယူဖို့အတွက်လည်း အရေးပါလှပါတယ်။

ဒါကြောင့် Gmail account ဖွင့်ရင်းနဲ့ MI ဖုန်းလို့ လူသိများတဲ့ Xiaomi ဖုန်းသုံးစွဲနေသူတွေအတွက် MI account ဘယ်လို ဖွင့်ရမလဲဆိုတာကိုပါ လွယ်လင့်တကူ လေ့လာနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ZinYin (ICT Solution)
Share To:

Aung Maw

Post A Comment: