လွှတ်တော် တက်ရောက်လာသည့် တပ်ကိုယ်စားလှယ်များအား ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း တွေ့မြင်ခဲ့ရစဥ
ရန်ကုန်၊ မေ ၁၄

ကချင်ဒေသတွင်း စစ်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုသူများကို အင်အားသုံးဖြိုခွင်းခဲ့မှုနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသော ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့များ၏ လုပ်ရပ်မှာ ဥပဒေနှင့် မညီကြောင်းနှင့် ပြည်ထဲရေးဌာနအား သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့က တောင်းဆိုလိုက်သည်။

မေလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ယင်းအဖွဲ့၏ ကြေညာချက်တွင် ကချင်ပြည်နယ်အပါအ၀င် နိုင်ငံတွင်း စစ်ပွဲများ ရပ်တန့်ရေးနှင့် စစ်ပွဲများကြောင့် ပိတ်မိနေသူများကို လွတ်လပ်စွာ ကူညီခွင့်ရရှိရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများက ဆန္ဒပြတောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဦးဆောင်သူ ကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိ၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် “ဤကိစ္စမှာ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်ရွက်ခဲ့၍ ဤသို့ ဖြစ်ရပါသည်ဟု ယူဆပါသည်။ အကယ်၍သာ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ပါက ဤကိစ္စဖြစ်ပေါ်ရန် အကြောင်းမရှိပါ။ သို့ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအား သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအာဏာအောက်သို့ လွှဲပြောင်းပေးပါရန်လည်း တောင်းဆိုအပ်ပါသည်” ဟူ၍ ထည့်သွင်းဖော်ပြထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှာ စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ရဲတပ်ဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။

တာမွေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့ပြီး ဗဟန်းမြို့နယ် ရဲခစန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ရှစ်ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေးထားပြီးဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းရန် စာရင်းတွင် ပါဝင်ပြီး ကျန်ရှိနေသေးသူ ကိုးဦးကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၁၄ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: