ရန်ကုန်၊ မေ ၂၅

ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးနေရာအတွက် ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်သူ အမျိုးသားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထက်အား မေလ ၂၅ ရက်က ပြုလုပ်သည့် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တရားဝင် အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ယခင် ယင်းဌာနသုံးခုဝန်ကြီးအဖြစ် ဆလိုင်းအိုက်ဇက်ခင် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်က မိမိကို ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ခြင်း မရှိခဲ့သည့်အတွက်ဟုဆိုကာ နုတ်ထွက်ခဲ့သည့်အတွက် ယင်းနေရာတွင် ယခုကဲ့သို့ အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ၀န်ကြီးနေရာသစ် လျာထားမှုအတွက် လွှတ်တော်ကိုယ်စားလှယ်များအကြား ကြိုတင်ညှိနှိုင်းမှု မရှိခဲ့သည့်အတွက် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ငါးဦး ပြင်ပသို့ ထွက်သွားခဲ့ကြောင်းလည်း ချင်းပြည်နယ်အခြေစိုက် Chin World မီဒီယာက ရေးသားထားသည်။

ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးစိုးထက်သည် လက်ရှိ အစိုးရက ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ကျောင်းနေဘက်တစ်ဦးလည်း ဖြစ်ကာ ၎င်း၏ ဖခင်မှာ ပလက်ဝမြို့ရှိ ဒေသတွင်း လူသိများသူ နိုင်ငံရေးသမား ဦးထပ်လှိုင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: