လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးမင်းထင်အောင်ဟန်
ရန်ကုန်၊ မေ ၃၀

တိုင်းနှင့် ပြည်နယ်အဆင့် ၀န်ကြီး အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးမင်းထင်အောင်ဟန်ကို ယင်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

မေလ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်တွင် ၀န်ကြီး ဦးမင်းထင်အောင်ဟန်မှာ နုတ်ထွက်ခွင့် တင်ခဲ့သည့်အတွက် အခြေခံဥပဒေ ပုဒ်မ ၂၆၄ (က) ပါ “သက်တမ်းမပြည့်မှီ နုတ်ထွက်လိုက သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” ဆိုသည့် ပြဋ္ဌာန်းချက်အတိုင်း နုတ်ထွက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ဦးမင်းထင်အောင်ဟန်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်လည်း ဖြစ်သည်။ ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် NLD ပါတီသို့ တိုင်ကြားခံရသည့် ပါတီဝင်များတွင် ဦးမင်းထင်အောင်ဟန် ပါဝင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားပြီး ဦးမင်းထင်အောင်ဟန်ဘက်ကမူ သတင်းမှားသာဖြစ်ကြောင်းလည်း တုံ့ပြန်ထားးသည်။

မွန်တိုင်းရင်းသားဖြစ်သူ ဦးမင်းထင်အောင်ဟန်သည် B.E (Electrical Power) ဖြင့် ကျောင်းပြီးထားသူဖြစ်ကာ ကုန်သည်လုပ်ငန်းနှင့် ဟံသာဆောက်လုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းကလည်း ဗဟိုအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့် ၀န်ကြီးများ ဆက်တိုက်ဆိုသလို နုတ်ထွက်မှုများ ရှိခဲ့ပြီး တပ်ဘက်ဆိုင်ရာ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများ အပြောင်းအလဲလုပ်မှုများလည်း ရှိခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: