Photo : http://100schools.org
ရန်ကုန်၊ မေ ၁၆

ကျောင်းသားမိဘများအနေဖြင့် မိမိကလေးငယ်များအား ကျောင်းအပ်သည့်အခါ ပညာရေးဝန်ထမ်းများအား ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများ ပေးခြင်း မပြုလုပ်ကြရန်အတွက် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၀န်ကြီးဌာနက ထုတ်ပြန်သည့် “မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်” နံရံကပ်ပိုစတာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်ပြီး “ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်” ဟု ရေးသားထားသည်။

ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ ကျောင်းအပ်နှုန်း မြင့်မားလာခြင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်းများကြောင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေပေးလိုသည့်အတွက် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်လည်း တိုက်တွန်းထားသည်။

အချို့သော ကျောင်းသားမိဘများမှာ မိမိကလေးငယ်များ ကျောင်းအပ်နိုင်သည့် သတ်မှတ်နယ်မြေတွင် မပါဝင်သော နာမည်ကြီးကျောင်းများတွင် အပ်နှံလိုသည့် ပညာရေးဝန်ထမ်းများအား ငွေကြေး၊ လက်ဆောင်ပေး၍ အပ်နှံမှုများ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး အချို့သော နာမည်ကြီးကျောင်းများမှာ ကျောင်းဝင်ခွင့် ရရှိရေးအတွက် ကျပ်သိန်း ဆယ်နှင့်ချီ၍ ပေးရမှုများ ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: