ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်တွင် ပြုလုပ်သည့် အမှိုက်သန့်ရှင်းရေး လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က တွေ့ရစဉ်
Photo by http://www.thesundaily.my
ရန်ကုန်၊ မေ ၈

လူနေမှုထူထပ်သည့် ရန်ကုန်မြို့တွင် အမှိုက်သိမ်းစနစ်မျိုးစုံဖြင့် အမှိုက်များကို သိမ်းဆည်းနေသော်လည်း မသိမ်းဆည်းနိုင်သည့် ပမာဏမှာ တစ်ရက်လျှင် အမှိုက်တန်ချိန် ၃၃၀ ကျော် ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာနက ထုတ်ပြန် ထားသော ကိန်းဂဏန်းများအရ တွေ့ရှိရသည်။

ရန်ကုန်စည်ပင်ကော်မတီ၏ ၀က်ဘ်ဆိုက်ဖြစ်သည့် www.ycdc.gov.mm ရှိ ယင်းဌာန၏ ဖော်ပြချက်များတွင် ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်ရက်လျှင် တန်ချိန် ၂၃၈၇.၁၂ ရှိပြီး သိမ်းဆည်းနိုင်မှု ပမာဏမှာ ၂၀၅၇ တန်သာ ရှိသည့်အတွက် မသိမ်းဆည်းနိုင်သည့် ပမာဏမှာ တန်ပေါင်း ၃၃၀.၁၂ တန် ဖြစ်ကြောင်း တွက်ချက် ရရှိခြင်း ဖြစ်သည်။

ရန်ကုန်စည်ပင်အနေဖြင့် အမှိုက်များကို ခေါင်းလောင်းတီးစနစ်၊ အရေးပေါ် အမှိုက်သိမ်းစနစ်၊ လှဲသိမ်းစနစ်၊ ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်၊ အမှိုက်ကန်/အမှိုက်ပုံစနစ်တို့ဖြင့် အမှိုက်များကို အမှိုက်သိမ်းယာဉ် အသုံးပြု၍ သိမ်းဆည်းပေးနေခြင်းဖြစ်ကာ နောက်ဆုံးတွင် စွန့်ပစ်အမှိုက်ပုံများသို့ စွန့်ပစ်ရခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်အတွက် နောက်ဆုံးစွန့်ပစ်အဖြစ် ဧက ၁၄၇.၂၂ ကျယ်ဝန်းသည့် ထားဝယ်ချောင် (ဒဂုံမြို့သစ်မြောက်ပိုင်း) အမှိုက်ပုံ၊ ဧက ၁၅၀ ရှိသည့် ထိန်ပင် (လှိုင်သာယာ) အမှိုက်ပုံတို့ ဖြစ်သည်။ ထို့ပြင် ဒလနှင့် ဆိတ်ကြီးခနောင်တို အမှိုက်ပုံတို့တွင်လည်း တစ်ရက်လျှင် ၁၀ တန်ခန့် အမှိုက်စွန့်ပစ်မှုများကိုလည်း စည်ပင်က လုပ်ဆောင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: