ရန်ကုန်၊ သြဂုတ် ၂၅

ချင်းပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ဖလမ်းမြို့ရှိ ရိဒ်ရေကန်အား ပိုမိုသာယာလှပစေရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်း ကလေးမြို့မှ ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ ၀ယ်ယူကာ ထည့်သွင်းမွေးမြူထားကြောင်း သြဂုတ်လ ၂၅ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ကလေးမြို့မှ ၀ယ်ယူခဲ့သည့် ငါးမျိုးများမှာ ထိုင်းငါးခုံမကောင်ရေ ၁၀၀၀၀၊ ငါးမြစ်ချင်းကောင်ရေ ၁၀၀၀၀ နှင့် ရွှေဝါငါးမျိုး ၃၀၀၀၀ တို့ ဖြစ်ပြီး ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုး၏ ဦးဆောင်မှုဖြင့် သြဂုတ်လ ၁၈ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: