၂၀၁၅ ရွေးကောက်ပွဲ မဲပေးအပြီး မဲရေတွက်နေသည့် မဲရုံစောင့် ၀န်ထမ်းများ
Photo by thanlwinriver.blogspot.com

ရန်ကုန်၊ သြဂုတ် ၂၂

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတ၀ှမ်း၌ လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က သြဂုတ်လ ၂၂ ရက်တွင် အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များအနက် နိုင်ငံတော်တာဝန် ၀င်ရောက်ထမ်းဆောင်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လစ်လပ်နေသည့် မဲဆန္ဒနယ်များအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်မည့် မဲဆန္ဒနယ်အရေအတွက်ကို စိစစ်နေပြီ ဖြစ်သည်။

"ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇နှစ် ဦးမှာ ကျင်းပပေးမယ်။ မဲဆန္ဒနယ် လစ်လပ်တဲ့နေရာတွေကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အတိအကျမပြောချင်ဘူး။ ကြေငြာတဲ့အခါကြတော့မှ ရက်အတိအကျရော နေရာအတိအကျပါ သိမယ်။ လစ်လပ်နေရာတွေကို မကြေငြာသေးတာက မဲဆန္ဒနယ်တွေက ထပ်ပြီးလစ်လပ်ရင် လစ်လပ်နိုင်လို့ မပြောသေးတာပါ။ ၂၀၁၇ နှစ်ဦးပိုင်းလောက်တော့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာပါ”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။

၂၀၁၅ခနှစ်စ် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပြည်ထောင်စုအဆင့်တာဝန်များ၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးခန့် တာဝန်ထမ်းဆောင်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်သည် လစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲပြုလုပ်ရန် နယ်မြေတည်ငြိမ်အေးချမ်းမူမရှိပါက ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာပေးရပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်များ၌ နယ်မြေတည်ငြိမ်အေးချမ်းမူမရှိခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိအချိန်တွင် လစ်လပ်နေသောမဲဆန္ဒနယ်များအဖြစ် ပြည်ထောင်စုအဆင့်တာဝန်များတွင် ၀င်ရောက် တာဝန်ထမ်းဆောင်နေသော လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၏ မဲဆန္ဒနယ်များနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နယ်မြေမအေးချမ်းမှုကြာင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)နေရာ၊ အမျိုးသားလွှတ်တော် (၁) နေရာနှင့် ပြည်သူ့လွှတ်တော် (၁) နေရာ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် (၁၆) နေရာခန့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

လွှတ်တော်အသီးသီးတွင် တစ်စုံတစ်ခုသော အကြောင်းကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များလစ်လပ်ပါက အစားထိုးရွေးချယ်တင်မြှောက်ရန် ကြားဖြတ်ရွေးကောက်ပွဲကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ (၈၉) နှင့် အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပပေးရမည်ဖြစ်သည်။

နေမင်းသူ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: