ရန်ကုန်၊ မေ ၂၃

သံဃာတော်များကိုယ်တိုင် ကား၊ ဆိုင်ကယ်များ မမောင်းနှင်ရန်အတွက် မန္တလေးတိုင်း၊ ချမ်းမြေ့သာစံမြို့နယ် သံဃနာယကအဖွဲ့က မေလ ၂၂ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း သံဃာတော်များကိုယ်တိုင် ကား၊ ဆိုင်ကယ် မောင်းနှင်မှုများ တွေ့ရှိပါက ၁၃၇၈ ခု၊ နယုန်လဆုတ် (၁၀) ရက် (၁.၇.၂၀၁၆) သောကြာနေ့မှစ၍ အရပ်ဘက်ဥပဒေအတိုင်း အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံမည်ဖြစ်ပါကြောင်း အသိပေး လျှောက်ထားအပ်ပါသည် ဘုရား” ဟူ၍ မြို့နယ်သံဃနာယကအဖွဲ့၊ ချမ်းအေးသာစံမြို့နယ် ဟူ၍ ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်ကိုလည်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများထံသို့ ဖြန့်ဝေထားသည်။ ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဆုံးလည်း ဖြစ်သည် 

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: