တရားဥပဒေအရ လွတ်လပ်ခြင်း သုံးမျိုး ရှိပေ၏။

၁။ လွတ်လပ်စွာ စဉ်းစားစိတ်ကူး ထင်မြင်ယူဆပိုင်ခွင့် - မနောကံ လွတ်လပ်မှု

၂။ လွတ်လပ်စွာ ပြောဆို ဆွေးနွေး ရေးသားပိုင်ခွင့် - ၀စီကံ လွတ်လပ်မှု

၃။ လွတ်လပ်စွာ ပြုမူပိုင်ခွင့် - ကာယကံ လွတ်လပ်မှုတို့ ဖြစ်သည်။

ယင်းအနက် ၀စီကံလွတ်လပ်မှုဖြစ်ည့် လွတ်လပ်စွာ ပြောဆိုဆွေးနွေး ရေးသားပိုင်ခွင့်သည် ပြည်သူပြည်သားတို့အတွက်သာ အဓိက ကျသည်မဟုတ်၊ ပုံနှိပ်တိုက်များအတွက် လွတ်လပ်မှု ဖြစ်ပေသည်။

Photo by www.gettyimages.com
လွတ်လပ်သော ပုံနှိပ်တိုက်ကြောင့် ကမ္ဘာပေါ်တွင် တော်လှန်ရေးများ ဖြစ်ကြသည်ဟု မကြားစဖူး။ တိုင်းပြည်လူထု၏ မကျေနပ်မှုများကို ပုံနှိပ်တိုက်မှ တစ်ဆင့် အစိုးရသို့ အကြောင်းကြားနိုင်သဖြင့် ထိုမကျေနပ်မှုများ ပပျောက်ရန် ဆောင်ရွက်နိုင်ရာ တော်လှန်ရေး ဖြစ်ပွားရန် အကြောင်းမရှိတော့ချေ။

ပုံနှိပ်တိုက် လွတ်လပ်ခြင်းမရှိသောအခါ ထိုထိုသော မကျေနပ်မှုများ မဖော်ပြနိုင်သဖြင့် ကမ္ဘာပေါ်တွင် တော်လှန်ရေးများ မကြာခဏ ပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်၏။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)


Share To:

Aung Maw

Post A Comment: