ကလေး၊ မေ ၂၂

မိုးရွာသွန်းခြင်းအပြင် ချင်းတောင်တန်းပေါ်မှ တောင်ကျချောင်းရေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-လက်ပံချောင်းလမ်းပေါ်ရှိ ဆည်ကြီးချောင်းမှာ မေလ ၂၁ ရက်က ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ သွားလာရေး ခက်ခဲလျက် ရှိသည်။

အဆိုပါ ဆည်ကြီးချောင်းမှာ မိုးရွာသွန်းချိန်နှင့် တောင်ကျချောင်းရေ စီးဝင်လာချိန်တွင်သာ ရေများလေ့ရှိပြီး သာမန်အချိန်ဆိုပါက ခြေလျင် ဖြတ်ကူးနိုင်သည့် ချောင်းတစ်ခု ဖြစ်သည်။

ယခင်က အဆိုပါ ချောင်းပေါ်တွင် တံတားရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း အဆိုပါ တံတား ပျက်စီးခဲ့ဖြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ချောင်းရေကြီးမှုကြောင့် ဒေသခံပြည်သူများမှာ လူတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀၀၀ ကျပ်နှုန်းဖြင့် အကူအညီခေါ် ဖြတ်သန်းနေကြရသည်။

အဆိုပါ ဆည်ကြီးချောင်းမှာ ၂၀၁၅ ခုနှစ် ရေကြီးစဉ်ကာလက ဒေသခံပြည်သူများအား အကူအညီပေးနိုင်ရန် ရုပ်ရှင်မင်းသား ဝေဠုကျော်ကိုယ်တိုင် ကြိုးတန်းအသုံးပြု ဖြတ်ကူးခဲ့ရသော ချောင်းလည်း ဖြစ်သည်။



သတင်းဓာတ်ပုံ - ကိုမောင်
Share To:

Aung Maw

Post A Comment: