စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် စကားစမြည်
ကလေး၊ ဧပြီ ၂၃![]() |
| အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်။ ဓာတ်ပုံ - ဒီလင်းခေတ် |
ကလေးဝမြို့နယ် ဇာတိဖွား ဖြစ်သူ ဦးကိုကိုနိုင်က ၎င်းရွေးချယ်ခံခဲ့ရသည့် မဲဆန္ဒနယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် များစွာ ရှိနေသေးရာ အထူးသဖြင့် စည်းကမ်းမဲ့ ရောင်းချနေသည့် ဓာတ်ဆီဆိုင်လုပ်ငန်းများနှင့် ယာဉ်ကြောပိတ်ဆို့မှုလုပ်ငန်းများမှာ လည်း အရေးတကြီး ပြုပြင်ပြောင်းလဲရမည့် ကိစ္စများဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ယင်းပြောဆိုထားမှုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်အား အောက်ချင်း သတင်းအေဂျင်စီမှ တွေ့ဆုံမေးမြန်းထားမှုများအား ဖော်ပြလိုက်ပါသည်။
မေး - လတ်လော ကလေးမြို့အနေနဲ့ ပြောမယ်ဆိုရင်ကော ဘယ်အရာတွေက အရင်ဆုံး ပြင်ဆင်သင့်တဲ့အချက်တွေလို့ မြင်ပြီး ဘယ်လို မူဝါဒချမှတ်လုပ်ဆောင်ဖို့ စီစဉ်ထားသလဲ။
ဖြေ - ဒီသဘာဝဘေးအန္တရာယ်ကာလမှာ လယ်ယာမြေတွေ မြုပ်သွားတဲ့ ဧက အတိအကျပေါ့၊ သုံးသောင်းကျော်လောက် ရှိတယ်။ ပြန်လည်စိုက်ပျိုးလို့ကို အဆင်သင့်မဖြစ်တော့တဲ့ ဧက က ငါးထောင်ကျော်လောက် ရှိတယ်။ အဲဒါတွေအတွက်ကို တောင်သူတွေ ဘယ်လိုနစ်နာသွားတယ်၊ ဘယ်လိုတွေ ပြန်ပြီးတော့မှ တောင်သူလယ်သမားတွေဘက်က ဖေးမပြီး ကူညီပေးရင် တောင်သူတွေ အတွက် ဘ၀ ဘယ်လိုမြင့်တင်လာမလဲဆိုတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့က အစီအစဉ် ဆွဲထားမယ်။ အဲဒါတွေအတွက်ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တို့ ချိတ်ဆက်ပြီးတော့ လုပ်ပါလိမ့်မယ်။ အထူးသဖြင့် မိုးတွင်းကာလအတွက် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဘယ်လို ကြိုတင်စီမံချက်တွေ ဆွဲရမလဲဆိုတာတော့ ကျွန်တော်တို့ ကလေးဒေသရဲ့ အဓိက စိန်ခေါ်မှုပဲ။ အဲဒါဆိုတော့ အဲဒီစိန်ခေါ်မှုဟာ အရမ်းအရေးကြီးနေတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဒီ လယ်/ဆည်ကိစ္စကို လယ်/ဆည်ဝန်ကြီးဌာနက ဒီဟာကို အရေးတကြီး ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်နေတယ်။
မေး - ကလေးမြို့မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုရင် အခက်အခဲ ဖြစ်မယ့် အခြေအနေက ဘယ်လိုဟာလို့ ထင်လဲခင်ဗျ။
ဖြေ - အခု ကလေးမြို့မှာ လိုအပ်ချက်တွေကတော့ ကျွန်တော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြင်တာကတော့ သဘာဝဘေးအန္တရာယ်ဆိုရင် ကလေးမြို့က ပြီးခဲ့တဲ့နှစ်က အလူးအလဲ ခံလိုက်ရတယ်။ ဒီဟာတွေကို ဘယ်လို ဟိုဝှာ လုပ်မလဲပေါ့နော်။ ပြီးတော့မှ ကျန်တဲ့ဟာတွေကျတော့မှ လျှပ်စစ်မီး။ လျှပ်စစ်မီးဆိုလည်း ကလေးမြို့က အနေအထားအရ လျှပ်စစ်မီးက တဖြည်းဖြည်းနဲ့ ၂၄ နာရီ မီးရလာပြီပေါ့။ အဲဒီမှာ အခု ကလေးမြို့မှာ နည်းနည်းဖြစ်နေတာက ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာတယ်ပေါ့။ နှစ်စဉ် နှစ်တိုင်းလည်း ဒီ ယာဉ်မတော်တဆမှုက ကလေးမြို့မှာ အနည်းဆုံး တစ်နှစ်ကို ၃၀၊ ၄၀ လောက် Accident ဖြစ်ပြီး သေကြေပျက်စီးနေတယ်။ အဲဒီဟာတွေကို လုပ်ဖို့အတွက် ကျွန်တော်တို့ One Way System ပေါ့။ One Way System နဲ့ မီးပွိုင့်တွေ ထပ်ချဖို့ရယ်၊ ဆိုင်ကယ်မ၀င်ရ One Way System တွေရယ်၊ အရင်ဆုံး ကျွန်တော်တို့က မြို့နယ်စည်ပင်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ စီစဉ်ပြီးတော့မှ One Way System ကလေးမြို့ လမ်းမကြီးရယ်၊ ဗိုလ်ချုပ်လမ်းမကြီးရယ်ကို၊ ပြီးတော့မှ နတ်ချောင်းလမ်းမကြီးရယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်လောက်အထိ One Way၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိကို Two Way ဆိုတာတွေကို အရေးပေါ် ချက်ချင်း ဆောင်ရွက်မယ်။ အဲဒါကိုတော့ ကျွန်တော်က ချက်ချင်း တိုက်တွန်းမယ်။ ကျွန်တော်တို့က ဒီအဆင့်နဲ့ မရရင် လွှတ်တော်ထဲမှာ မေးမယ် ကျွန်တော်က။
| ကလေးမြို့ မြို့လယ်ခေါင်တွင် နေရာယူထားသည့် လေယာဉ်ကွင်းအား ချင်းတောင်တန်းပေါ်မှ မြင်ရစဉ်။ ဓာတ်ပုံ - အောင်ထွန်းလင်း |
ဖြေ - ရှိတယ်ခင်ဗျ။ အခု ပြီးတော့မှ ရုပ်ဝတ္ထုဖွံ့ဖြိုးလာတာနဲ့အတူ ကလေးမြို့ လေယာဉ်ကွင်းကြီးဟာ မြို့လယ်ခေါင်တည့်တည့်မှာ ရောက်သွားပြီ။ အရင်တုန်းကတော့ မြန်မာ့ လေကြောင်းတစ်ခုတည်းပဲ ဆင်းတယ်။ အခုကျတော့ ပုဂ္ဂလိက လေယာဉ်တွေ၊ Air Kanbawza၊ Air Win စသဖြင့် လေယာဉ်တွေဟာ နေ့စဉ်နဲ့အမျှ ဆင်းသက်နေတာ ဖြစ်တဲ့အတွက် မတော်တဆများ ဖြစ်ခဲ့သည်ရှိသော် ကလေးမြို့ရဲ့ ကံကြမ္မာက အင်မတန် ကြောက်စရာကောင်းတဲ့ အတွက် လေယာဉ်ကွင်းကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြောင်းနိုင်တယ်ဆိုရင်တော့၊ မြို့ပြင်ကို ထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ ကလေးဒေသခံ မြို့မိမြို့ဖတွေ၊ ဒေသခံ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကိုတော့ ယူချင်သေးတယ်။ ဒါပေမဲ့ ပြောင်းရွေ့သင့်တဲ့ကိစ္စ ရပ်ကြီး၊ အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စထဲမှာ ဒီတစ်ခုလည်း ပါတယ်။ ပြီးတော့မှ ဆီဆိုင်တွေ၊ မြို့နဲ့ နီးတဲ့ ကိစ္စ။ ဒါကိုလည်း သတိထားရမယ့်ကိစ္စ။ အခု မီးအန္တရာယ်ဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးရန်သူ ဖြစ်သွားပြီ။ အခု ဆီဆိုင်တန်းတွေဟာ ဆီရောင်းတဲ့ကိစ္စဟာ ကလေးမြို့မှာ ကျွန်တော် လေ့လာမိသလောက်ကတော့ နည်းနည်းလေး ဥပဒေမဲ့ လက်လွတ်စပယ် ရောင်းနေတယ်လို့ အဲဒီလို မြင်နေတယ်။ အဲဒီတော့ ဆီရောင်းတဲ့ကိစ္စရပ်တွေကို မြို့နဲ့ ဝေးနိုင်သမျှ ဝေးပြီးတော့မှ အင်မတန် စနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကော၊ အကုန်လုံးပေါ့။ မြို့နယ်စည်ပင်သာယာရေးနဲ့ မြို့နယ် အုပ်ချုပ်ရေးပိုင်းတွေကအစ ဆီရောင်းချမှု ပုံစံတွေကိုလည်း စနစ်တကျ ကိုင်တွယ်သင့်တယ်လို့။ ဒါ အရေးကြီးတယ် ကလေးမြို့အတွက်။
လေယာဉ်တွေဟာ နေ့စဉ်နဲ့အမျှ ဆင်းသက်နေတာ ဖြစ်တဲ့အတွက် မတော်တဆများ ဖြစ်ခဲ့သည်ရှိသော် ကလေးမြို့ရဲ့ ကံကြမ္မာက အင်မတန် ကြောက်စရာကောင်းတဲ့ အတွက် လေယာဉ်ကွင်းကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြောင်းနိုင်တယ်ဆိုရင်တော့၊ မြို့ပြင်ကို ထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ ကလေးဒေသခံ မြို့မိမြို့ဖတွေ၊ ဒေသခံ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကိုတော့ ယူချင်သေးတယ်...မေး - ဆီဆိုင်နဲ့ လေယာဉ်ကွင်းကိစ္စကိုကော လွှတ်တော်မှာ တင်မှာလား။
ဖြေ - ဆီဆိုင်ကိစ္စကတော့ လွှတ်တော်အဆင့်လောက်အထိ ရောက်ဖို့ မလိုဘူးလို့ ထင်တယ်။ တိုင်းဒေသကြီးအစိုးရအဆင့်လောက်နဲ့ ပြီးမယ်လို့ တွက်တယ်။ လေယာဉ်ကွင်းကိစ္စကြီးကျတော့ ဘက်ဂျက်ကလည်း များတယ်၊ နိုင်ငံတကာ အကူအညီ ယူရမယ့်အဆင့်လည်း ဖြစ်နိုင်တဲ့အတွက် ကျွန်တော့်အတွက် ဒီအချိန်မှ မပြောင်းရင်တော့ ပြောင်းဖို့ခက်သွားလောက်တယ်။ ဘာလို့လဲဆိုတော့ ဒေသအခြေအနေနဲ့ လေယာဉ်ကွင်းက အခုက ရာဇဂြိုဟ်ဘက်မှာ၊ နန့်ကျင်ဆောင်ဘက်မှာ လေယာဉ်ကွင်းလုပ်ရင် ရနိုင်တဲ့ မြေအနေအထားလေးတစ်ခုကို ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ရတာပေါ့။ နောက်မှ ပြောင်းမယ်ဆိုရင်တော့ လူဦးရေ တိုးပွားတာနဲ့၊ လူနေအိမ်ချဲ့ထွင်တာနဲ့ဆိုရင်တော့ လေယာဉ်ကွင်းလုပ်နိုင်တဲ့ အကျယ်အ၀န်းက ပျောက်သွားနိုင်တဲ့ အတွက် အခုအချိန် ပြောင်းရင် ပြောင်းနိုင်၊ မပြောင်းနိုင်ရင်ကတော့ မလွယ်တော့တဲ့အတွက် ဒေသခံပြည်သူလူထုအနေနဲ့ လေယာဉ်ကွင်းကြီး ပြောင်းတာဟာ၊ ပြောင်းရွေ့ပြီးတော့မှ တခြားနေရာမှာ ဖွင့်လှစ်လိုက်တာဟာ ပိုပြီးတော့မှ မြို့အတွက် လုံခြုံစိတ်ချရပြီးတော့မှ အဲဒီနေရာကို မြို့အတွက် အကျိုးဖြစ်ထွန်းမယ့် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မလား၊ ဥပမာ ဈေးကြီး ဆောက်မလား မြို့လယ်ခေါင်တည့်တည့်မှာ။ အခု မြို့မဈေးဆိုရင် အင်မတန် ညပ်နေပြီ။ ကလေးမြို့မဈေးဆိုရင်။ ပြီးတော့မှ ဆေးရုံကြီးတွေ။ မြို့က ကုတင် ၂၀၀ နဲ့ မရတော့ပါဘူး။ လူဦးရေ လေးသိန်းကျော်သွားပြီ။ အဓိက ကျန်းမာရေးနဲ့။ ပညာရေးကတော့ သူ့ကျောင်းနဲ့သူ လောက်နေပြီ။ အဲဒီမှာ ကျန်းမာရေးက ကုတင် ၂၀၀ မှာလည်း ပြည့်နေပြီ။ ၀စ္စလီမှာလည်း ပြည့်နေပြီ။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ပြည့်နေပြီ။ နောက်ထပ် ကုတင် ၅၀၀ လောက်အထိ ကလေးမြို့က လူဦးရေ လေးသိန်းကျော်လာပြီ ဖြစ်တဲ့အတွက် ကျန်းမာရေး ကဏ္ဍမှာလည်း အဲဒီလိုမျိုးတွေမှာ တကယ့်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ဆေးရုံကြီးတွေ လိုအပ်တယ်ဆိုတာ ကလေးမြို့ရဲ့ အဓိက လိုအပ်ချက်တွေ။
မေး - အခုလိုမျိုး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဒီလင်းခေတ်


Post A Comment: